ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ်တွင် ငွေကျပ်သိန်း ၅၇၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  မတ်   ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ်တွင် ငွေကျပ်သိန်း  ၅၇၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၇ ရက် နံနက် ၁၁ နာရီတွင် လဲချားမြို့နယ် လဲချား-မိုင်းကိုင်သွားကားလမ်း   မိုင်တိုင်အမှတ်(၄၅)အနီးတွင် ခင်မောင်ကြည် ၄၀ နှစ်မောင်းနှင်ပြီး ဝင်းသန်း ၃၇ နှစ် လိုက်ပါလာသည့် ခြောက်ဘီးယာဉ်အား စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၅၇၃၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၁၈၀၀၀၊ ဘိန်းဖြူ ၁၇ ဒသမ ၆ ကီလိုသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် နမ့်လန်ကျေးရွာမှ ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်သို့ သယ်ဆောင်ရောင်း ဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)