ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအားတွေ့ဆုံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအားတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် - ၂၅
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ယနေ့ မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
    
ဦးစွာ တိုင်းမှူးက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ထို့နောက်  ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆန်အိတ်များ၊ Smart ရှပ်အင်္ကျီများနှင့်ရွှေဖီဦးလက်ဖက်ရည်ထုပ်များ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။