ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

နေပြည်တော်  သြဂုတ်  ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသူများက ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍  ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)