ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် Oxygen လုံလောက်မှုရှိစေရန်အတွက် ဆောင်ရွက်ထားရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် Oxygen လုံလောက်မှုရှိစေရန်အတွက် ဆောင်ရွက်ထားရှိ

နေပြည်တော်၊ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ်ရှိ COVID-19 ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံတွင် တစ်နေ့လျှင် ၄၀ လီတာအိုး ၂၅ လုံး ထုတ်လုပ်ပေးနိုင်သည့် Oxygen Plant အား ၁၄-၇-၂၀၂၁ ရက်နေ့မှစ၍ တပ်ဆင်ထားရှိပြီး လိုအပ်သူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

အလားတူ လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး (ကုတင်-၅၀၀)တွင် တစ်နေ့လျှင် ၄၀ လီတာအိုး ၃၀ လုံး ထုတ်လုပ်နိုင်သည့် Oxygen Plant တစ်လုံးအား တပ်ဆင်ပြီး စတင် လည်ပတ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။