ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုင်္ကန်းနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲပြုလုပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုင်္ကန်းနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲပြုလုပ်

 
နေပြည်တော်၊ ဩဂုတ်- ၈

 
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်ဆက်ကပ်လှူဒါန်းပွဲကို ဩဂုတ် ၇ ရက် နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ သာသနာ့ဝိပုလဓာတ်တော်စာသင်တိုက်၌ ပြုလုပ်ရာ သာသနာ့ဝိပုလဓာတ်တော် စာသင်တိုက် ပဓာနနာယက ဆရာတော် ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့အချုပ် ဉက္ကဋ္ဌ ဘဒ္ဒန္တ ဒေါက်တာ ပညာနန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သာသနာ့ဝိပုလဓာတ်တော်စာသင်တိုက် ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သံဃာတော်များထံသို့ ဝါဆိုင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။