ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မေ - ၁၂

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေး စား၊ အငယ် စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား ကျိုင်းတုံ မြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြား သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာ ကျော်ထွန်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးကိုကို၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ ဦးအောင်နိုင်ဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်က ရှမ်းပြည် နယ်(အရှေ့ပိုင်း) ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)ရှင်များ ဖြစ်ကြသည့် ဂျဒယ်အာခါကော်ဖီလုပ်ငန်းရှင်နှင့် (ရှမ်းအရှေ့)ကော်ဖီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရာထွန်း၊ ကျိုင်းတုံဟိုတယ် လုပ်ငန်းရှင်များအသင်းနာယက ဦးစိုးရွှေ၊ တော်ဝင်မိုင်းယောင်းဆန်စက်၊ သမဝါယမ အသင်း ဥက္ကဋ္ဌ ဦးစိုးသီဟ၊ မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချ သူများအစုအဖွဲ့ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရှောက်တီနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံဒေသတွင် ကော်ဖီကုန်ကြမ်းများ များပြားစွာရရှိနိုင်ရေးအတွက် နိုင်ငံတော် အစိုးရ၏ကူညီပံ့ပိုးမှုနှင့်အတူ ကော်ဖီစိုက်ဧကများ တိုးချဲ့ဆောင်ရွက်လျက်ရှိမှု၊ မျိုးကောင်း မျိုးသန့် စံနှုန်းမီကော်ဖီပျိုးပင်များရရှိရေး ကူညီဆောင်ရွက်ပေးစေလိုမှု၊ ကော်ဖီသည် ဈေးကွက်လိုအပ်ချက်များစွာရှိနေပြီး  ဒေသထွက် ကော်ဖီအရည်အသွေးများကို ဆက် လက် ထိန်းသိမ်းသွားရန်လိုအပ်မှုနှင့် ဈေးကွက်ကို တည်ငြိမ်အောင် ထိန်းသိမ်းဆောင် ရွက်ပေးစေလိုမှု၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ တာချီလိတ်ဒေသများတွင် ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေ လိုမှု၊ မိုင်းယောင်းဒေသတွင် ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ အတွင်း သမဝါယမအသင်းအဖွဲ့ ဖွဲ့၍ ဆောင်ရွက်လျက်ရှိမှု၊ ဒေသထွက် လက်ဖက် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့်နေရာများအား လမ်းအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက် ပေးစေလိုမှု၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် လမ်းပန်းဆက်သွယ်ရေးအလှမ်းကွာဝေး ပြီး သွားလာမှုစရိတ်များ မြင့်မားသည့်အတွက် ဒေသတွင်တာဝန်ထမ်းဆောင်လျက်ရှိ သည့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုအဆင်ပြေစေရေး နိုင်ငံတော်မှ ကူညီဆောင် ရွက် ပေးစေလိုမှု၊ ဒေသအတွင်း ဆက်သွယ်မှုခက်ခဲသည့် ဒေသများ၌ ဆက်သွယ်ရေး အဆင်ပြေစေရေး တယ်လီဖုန်းလိုင်းများ ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်သည်များကို အသီး သီး တင်ပြဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

        ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ် များချမှတ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေး (MSME) လုပ်ငန်းများ ကို အားပေးဆောင်ရွက်လျက်ရှိမှု၊ ရှမ်းပြည်နယ် အတွင်း ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်လျက်ရှိမှုနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး ဆောင်ရွက် လျက်ရှိမှု၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး လုပ်ငန်း များ အဆင်ပြေချောမွေ့မှုရှိစေရေးနှင့် လိုအပ်သည့် စက်ကိရိယာများ၊ ယာဉ်ယန္တရား များ၊ အရင်းအနှီးများနှင့် နည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီ ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် သက်ဆိုင်ရာ ဦးစီးဌာနများတစ်ဆင့် ဆက်သွယ် ဆောင်ရွက်နိုင်မှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝ မြင့်မားစေရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမ အသင်းအဖွဲ့ များစုဖွဲ့၍ လိုအပ်သည့် စက်ကိရိယာများ၊ အရင်းအနှီးများ မတည်ဆောင်ရွက်ပေး လျက်ရှိမှု၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း သစ်တောဖုံးလွှမ်းမှုပမာဏ ယခု ထက်ပိုမိုမြင့်တက်လာစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဒေသခံများအားလုံးက အလေးထား ဆောင်ရွက်ကြရန်လိုအပ်မှု၊ ဒေသမှ ထွက်ရှိသည့် ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)ပြပွဲ၊ ပြိုင်ပွဲများတွင် ဝင်ရောက်ပြသခြင်းနှင့် MSME လုပ်ငန်း ကော်မတီနှင့် အမြဲမပြတ် ဆက်သွယ်ဆောင်ရွက်မှုရယူရန် လိုအပ်မှု၊ တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများသည်  MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ ထိခိုက်စေနိုင်သောကြောင့် တာဝန်ရှိသူများက ကြပ်မတ် စစ်ဆေးလျက် ရှိသကဲ့သို့ အားလုံးဝိုင်းဝန်းတိုက်ဖျက်ကြရန်လိုအပ်မှုတို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များ အပေါ် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အလေးထား မှတ်သား၍ သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေ များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

        ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို မြှင့်တင် နိုင်ရန်အတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားနိုင်ရန်၊ ရှမ်းပြည်နယ်(အရှေ့ ပိုင်း) ရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရန် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန် များကို ထမ်းဆောင်နေရချိန်တွင် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်၍ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးပြီး တန်ဖိုးမြင့် ထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်နိုင်မည်

ယခုအခါ မိမိတို့နိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ပိတ်ဆို့နေကြောင်း၊ ပုဂ္ဂလိကစီးပွားရေးကို မြှင့်တင်နိုင်မှသာလျင် ပြည်တွင်း စီးပွားရေး ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ သယံဇာတပစ္စည်းများနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ကုန်ကြမ်း ရောင်းချခြင်းထက် ကုန်ချောပြုလုပ်၍ ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ် ထွန်းစေမည်ဖြစ်ကြောင်း၊ တန်ဖိုးမြင့်ထုတ်ကုန်နှင့် ကုန်ချောများကို ထုတ်လုပ်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူဖြစ်စေ မည်ဖြစ်ကြောင်း၊ နိုင်ငံစီးပွားရေးတိုးတက်ရန် အတွက် မိမိတို့တာဝန်ပင်ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်ရန်အတွက် ကုန်ထုတ်လုပ် မှုများကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် ကုန်ထုတ် လုပ်မှုတွင် အဓိကကျကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်း များကို မြှင့်တင်ပေးနိုင်မည်ဆိုပါက နိုင်ငံစီးပွားရေး မြင့်တက်လာမည်ဖြစ်ကြောင်း။

အာရှနိုင်ငံများအတွင်းရှိသည့် မိမိတို့နိုင်ငံနှင့် Level တူနိုင်ငံများတွင် မိမိတို့ နိုင်ငံ ၏ ဂျီဒီပီသည် နိမ့်ကျလျက်ရှိကြောင်း၊ ထို့သို့ဖြစ်ပေါ်ရခြင်းမှာ နိုင်ငံမတည်ငြိမ်ခြင်းနှင့် ကုန်ထုတ်လုပ်မှုများနည်းပါးခြင်းကြောင့်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းခန့်ရှိပြီး အဆိုပါမိုးစပါးစိုက်ဧကများမှ ၁၃ ဒသမ ၉ သန်း သည်လယ်စိုက်သည့်ဧကများဖြစ်ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးရန်ဧက ၅ သန်းခန့်ရှိ နေသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင် ရွက် နိုင်မည်ဆိုပါက နိုင်ငံစီးပွားရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေလိုအပ်ချက်ရှိခြင်းကြောင့် စိုက်ပျိုးနိုင်ခြင်း မရှိသည့် နေရာများတွင် စိုက်ပျိုး ရေ ရရှိရေး နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

MSME လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းသည် အရေးကြီးပြီး ကုန်ကြမ်းများရှိမှသာ ကုန်ထုတ်လုပ်မှုကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ သွင်းအားစုများဖြစ်သည့် လျှပ်စစ်၊ စက်မောင်းဆီ၊ ပိုးသတ်ဆေးနှင့် အခြား ပစ္စည်းများ လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံရန်ငွေကြေးများလိုအပ်သကဲ့သို့ လူသားအရင်းအမြစ်များ သည်လည်း မဖြစ်မနေလိုအပ်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ကြောင်း၊ နှစ်ရှည်သီးနှံများဖြစ်သည့် ကော်ဖီ၊ ရာဘာ၊ လက်ဖက် စသည့် စက်မှုသီးနှံများကိုစိုက်ပျိုးနိုင်ကြောင်း။

ကော်ဖီနှင့် လက်ဖက် အပါအဝင် ဒေသတွင်းဖြစ်ထွန်းသည့်သီးနှံများကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်လို

ယခုအခါ ကော်ဖီဈေးကွက်မှာ ပြည်ပလိုအပ်ချက်များ များစွာရှိသဖြင့် ကော်ဖီ စိုက်ပျိုးသည့်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ကော်ဖီများကို ပြည်ပသို့တိုက်ရိုက်တင်ပို့နိုင်ရန်လိုကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ကော်ဖီလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက အကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း၊ ကော်ဖီဈေးကွက်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးအတွက်မှာ မိမိတို့ထုတ်လုပ်သည့် ကော်ဖီ၏ အရည်အသွေးနှင့် တိုက်ရိုက်အချိုးကျသည်ဖြစ်သဖြင့် လုပ်ငန်းစဉ်များအလိုက် ပြည့်ဝစွာဆောင်ရွက်ပြီး အရည်အသွေးကောင်းမွန်သည့် ကော်ဖီကို ထုတ်လုပ်ရန်လိုကြောင်း၊ ကော်ဖီနှင့် ပတ်သက်သည့် ပြည်တွင်း၊ ပြည်ပ လေ့လာရေးခရီးစဉ်များအတွက်လည်း ကော်ဖီ လုပ်ငန်းရှင်များအသင်းနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ လက်ဖက်စိုက်ပျိုးမှုများကိုလည်း အောင်မြင် ဖြစ် ထွန်းအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဒေသတွင်ဖြစ်ထွန်းနိုင်သည့် သီးနှံများကို ဖြစ်ထွန်းအောင်ဆောင်ရွက်၍ အခြားဒေသသို့တင်ပို့ရောင်းချနိုင်သကဲ့သို့ ပြည်ပနိုင်ငံ များသို့လည်း တင်ပို့နိုင်ကြောင်း။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင် စွာ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ ကျိုင်းတုံ ဒေသတွင် စားသောက်ကုန်များမှာ ကုန်ဈေးနှုန်းမြင့်မားသည်ကိုတွေ့ရှိရကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းနှင့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်း ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသတွင်း၌ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင် ယခင်ကဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများသည် အကြောင်းအမျိုးမျိုးဖြင့် ဖျက်သိမ်းခံရခြင်းနှင့် နှောင့်နှေးခြင်း များဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိ မှုကိုဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်သည့်  နေရာများစွာရှိသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ ပိုမို များပြားလာခဲ့ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များကြောင့် ကုန်ကျစရိတ်များကြီးမြင့် ခြင်းဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိရိုးဖလာဖြင့် ဆောင်ရွက်ခြင်းထက် ခေတ်နှင့်လျော်ညီသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ထုတ်စွမ်းအားများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများတွင် အထွက်နှုန်းများတိုးတက် စေရေး၊ ပန်းတိုင်ရည်မှန်းချက်များပြည့်မီစေရေး ဆောင်ရွက်ရန်နှင့် သီးထပ်စွမ်းအား မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ စနစ်တကျစိုက်ပျိုးမည်ဆိုပါက ပန်းတိုင် ရည်မှန်းချက်များကို ပြည့်မီနိုင်မည်ဖြစ်ပြီး နိုင်ငံအတွက် အကျိုးဖြစ် ထွန်းစေမည် ဖြစ်ကြောင်း။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် နေကြာ၊ ပန်းနှမ်း မြေပဲကဲ့သို့သော ဆီထွက်သီးနှံ များကို စိုက်ပျိုးနိုင်ကြောင်း၊ ဒေသတွင်း ဆီထွက်သီးနှံများကို အောင်မြင်ဖြစ်ထွန်း အောင်ဆောင်ရွက်၍ ဒေသ၏ဆီလို အပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ဒေသ အတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများ ကိုလည်း အောင်မြင်စွာဆောင် ရွက်နိုင်မည်ဆိုပါက ဒေသတွင်းစားရေးအတွက် လိုအပ် သည့် အသား၊ ငါးနှင့် ဥများကို လုံလောက်စွာရရှိနိုင်မည်ဖြစ်ပြီး အသားဈေးကြီးမြင့် မှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ဒေသအတွင်းမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများကို ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက ်များကို ကုန်ခြောက်အဖြစ် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်သကဲ့သို့ ယိုလုပ်ငန်းများ ကိုလည်းဆောင်ရွက်နိုင်ကြောင်း၊ ရော်ဘာထုတ်လုပ်မှုများကိုလည်း မြှင့်တင်ဆောင် ရွက်ရန်လိုကြောင်း၊ ဒေသတွင်း ဖြစ်ထွန်းသည့် ကောက်ညှင်းကိုလည်း တန်ဖိုးမြှင့် ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်မည် ဆိုပါက ထုတ်ကုန်များပိုမိုရရှိမည်ဖြစ်ကြောင်း။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိပြီး ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များအနေဖြင့်လည်း တည်းခိုရန်နေရာများ၊ စားသောက်ဖွယ်ရာများ၊ ဒေသ ထွက်အစားအသောက်များကို အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်လိုကြောင်း၊ ကျိုင်းတုံလေဆိပ်နှင့် တာချီလိတ်လေဆိပ်တို့ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အိမ်နီးနားချင်းနိုင်ငံများမှ လေကြောင်းခရီးစဉ်ဖြင့် ပြည်ပ ခရီးသွားများဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသသို့ ခရီးသွားများလာရောက် သည့် အချိန်တွင် အသင့်ဖြစ်စေရေးအတွက် ဒေသ သာယာလှပရေးနှင့် တည်းခိုမည့် နေရာများ ကောင်းမွန်စေရေး ဒေသခံများအနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားကြစေလို ကြောင်း။

လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များမွေးထုတ် ပေးရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် လူသားအရင်းအမြစ်များ ရရှိရေးအတွက် ခရိုင် ၅၀တွင်စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများကို ဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုမှတစ်ဆင့် အဆင့်မြင့်ပညာရပ်များဆက်လက် သင်ယူသွားနိုင်ရေး သိပ္ပံ များ၊ ကောလိပ်များနှင့် တက္ကသိုလ်များကို တိုးချဲ့ဖွှင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေခြင်း ဖြစ်သော်လည်း ဒီမိုကရေစီ၏ အခြေခံဖြစ်သည့် ဥပဒေအား လေးစားလိုက်နာခြင်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် စီးပွားရေး အသိအမြင်ရှိခြင်းတို့၌ အားနည်းချက်များရှိကြောင်း၊ ထို့ကြောင့် ကျောင်းသားကျောင်းသူများအနေဖြင့် စီးပွားရေးပညာရပ်များကို သိရှိစေ ရေးနှင့် ဥပဒေဆိုင်ရာများကို နားလည်စေရေးအတွက် တက္ကသိုလ်များ၌ စီးပွားရေး ဘာသာရပ်များနှင့် ဥပဒေဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်တိုက်အားတိုက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များအနေဖြင့်လည်း  မိမိတို့ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံများအားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းကြမည် ဆိုပါက ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် အားလုံးကဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်း ရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ဒေသထုတ်ကုန်ပစ္စည်းခင်းကျင်းထားရှိမှုအား ကြည့်ရှုအားပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ခင်းကျင်းပြသထားသည့် သယံဇာတတွင်းထွက်ထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက် တစ်ခုချင်းစီအလိုက်  စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေ များကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြသည်။

ကျိုင်းတုံမြို့ရှောင်လမ်းဖောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေး

ထို့အပြင် ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ရှောင်လမ်းဖောက်လုပ်ထားရှိ မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရဲလင်းက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က မိုးများသည့်အချိန်တွင် တောင်ကျရေများသဖြင့် မိုးရာသီ မရောက် မီကာလအတွင်း မြေလုပ်ငန်းများကို ပြီးပြတ်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မြေ ဖြတ်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ရာတွင် မြေပြိုခြင်းများမဖြစ်ပေါ်စေရေး စနစ် တကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းရေရှည်ခိုင်ခံ့စေရေး ကြိုတင်တွက်ချက် တည်ဆောက်ရန်လိုကြောင်း၊ လမ်းဖောက်လုပ်မှုအား သတ်မှတ်ကာလအတွင်းပြီးစီး အောင်ဆောင်ရွက်ရန်နှင့် လမ်းဘေးဝဲယာရှိ လမ်းနယ်များအတွင်း၌ သစ်ပင်များ စိုက်ပျိုးရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ရှောင်လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။