ရှေးဟောင်းသမိုင်းဝင် ပုဂံဘုရားများအား မီးပုလင်းဖြင့် ပစ်ပေါက်ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သူ ၂ ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် -၂

မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာ အများဆုံးကိုးကွယ်သည့် နိုင်ငံဖြစ်ပြီး ဘာသာ သာသနာထွန်းကားမှုကို ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရားပုထိုးများက သက်သေပြလျက်ရှိသည်။ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင် ပုဂံဒေသသည် မြန်မာနိုင်ငံရဲ့ ရှည်လျားလှသော ကိုးကွယ်မှုသမိုင်းကို ဖော်ပြ နေခြင်းဖြစ်ပြီး နိုင်ငံသားများအားလုံးက ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါ သည်။ သို့ရာတွင် လက်ရှိနိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုအပေါ် အမြင်မကြည်သူများက အဖျက်အမှောက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပုဂံမြို့သစ်၊ မြင်းကပါ ကျေးရွာရှိ ရှေးဟောင်းဘုရား၊ ဘုရားအမှတ်(၂၆၅၄)ကို အကြမ်းဖက်သမားများက မီးပုလင်းဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီးခဲ့မှုအခြေအနေကို လူမှုကွန်ယက်စာမျက်နှာ များတွင် တွေ့ရှိရသည်။

အထက်ပါဖြစ်စဉ်တွင် ဘုရားအား မီးပုလင်းဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီး ခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ အောင်ဖုန်းမြတ်(ခ) ဖိုးသား(ခ)အေးချမ်းကို နှင့် ဝေယံဖြိုး(ခ)ငမော့စ် တို့အား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ကနဦးဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကိုင်ဆောင်သည့် တယ်လီဖုန်းများအတွင်းမှ ဝါးရင်းတုတ်များအား သေနတ်ကဲ့သို့ ကိုင်တွယ်၍ စစ်ရေးလေ့ကျင့်နေပုံများ၊ လက်လုပ်သေနတ်များဖြင့် ပစ်ခတ်လေ့ကျင့်နေပုံများကို ထပ်မံတွေ့ရှိခဲ့ရသည်။

အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။