လက်ရှိကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့မည်မဟုတ်ဘဲ  ဂျူဗင်တပ်စ်အသင်း၌သာ ဆက်ရှိနေမည်ဖြစ်ကြောင်း စီရော်နယ်ဒိုအတည်ပြု

လက်ရှိကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့မည်မဟုတ်ဘဲ  ဂျူဗင်တပ်စ်အသင်း၌သာ ဆက်ရှိနေမည်ဖြစ်ကြောင်း စီရော်နယ်ဒိုအတည်ပြု

 

ဂျူဗင်တပ်စ်အသင်းနှင့် အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသည့် စီရော်နယ်ဒိုက လက်ရှိကစား သမားအပြောင်းအရွှေ့ကာလတွင်   အသင်းပြောင်းရွှေ့မည်မဟုတ်ဘဲ  လာမည့်ဘောလုံးရာသီသစ်တွင်  ဂျူဗင်တပ်စ်အသင်း၌သာ ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။အသက် ၃၆ နှစ်အရွယ်  စီရော်နယ်ဒိုသည် ဂျူဗင်တပ်စ်အသင်းနှင့်    စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေပြီး   ပြီးခဲ့သည့်ဘောလုံးရာသီက   အသင်းနှင့် အောင်မြင်မှုမရရှိခဲ့သည့်အပြင် ဂျူဗင်တပ်စ်အသင်း၏ဘဏ္ဍာရေးအခြေအနေကြောင့် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ဂျူဗင်တပ်စ်အသင်းနှင့်  အနာဂတ်မရေမရာဖြစ်ခဲ့ သည့် စီရော်နယ်ဒိုကို အစောပိုင်းက အသင်းဟောင်း မန်ယူနှင့်  ပီအက်စ်ဂျီတို့ကခေါ်ယူရန် သတင်းများထွက်ပေါ်ခဲ့သော်လည်း ၎င်းး၏ တစ်နှစ်လုပ်ခလစာယူရို ၃၁ သန်းကြောင့်  ခေါ်ယူရန်အခက်ကြုံခဲ့ရပြီး တရားဝင်ကမ်းလှမ်းမှုများ မရှိခဲ့ခြင်းဖြစ်သည်။ဂျူဗင်တပ်စ်အသင်းက အသင်း၌ စီရော်နယ်ဒိုကို ဆက်လက်ထိန်းထားလိုသော်လည်း   မြင့်မားသော လုပ်ခလစာကြောင့် စာချုပ်သစ်ချုပ်ဆိုရန် အဆင်မပြေဖြစ်နေသည်။ လက်ရှိအချိန်ထိ စာချုပ်သစ်ကမ်းလှမ်းမှုမရှိသေးဘဲ    စီရော်နယ်ဒိုအနေဖြင့်     အသင်း၌  ဆက်လက်ကစားမည်ဟု   ပြောကြားခဲ့သော်လည်း ရာသီကုန်ဆုံးလျှင်    အလွတ်ပြောင်းရွှေ့ကြေးဖြင့် 
ထွက်ခွာရဖွယ်ရှိနေသည်။   လက်ရှိတွင်   အေးဂျင့်ဂျော့မန်ဒက်က    စီရော်နယ်ဒိုကို   သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဂျူဗင်တပ်စ်အသင်းမှ တာဝန်ရှိသူများနှင့်  ဆွေးနွေးနေသော်လည်း  အဆင်ပြေမှုမရှိသေးကြောင်း သိရသည်။