လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာရှိ နားကုန်းပရိယတ္တိစာသင်တိုက်၌ ဖွင့်လှစ် သင်ကြားနေသော ယဉ်ကျေးလိမ္မာဓမ္မစကူးသင်တန်း သင်တန်းဆင်းပွဲပြုလုပ်

လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာရှိ နားကုန်းပရိယတ္တိစာသင်တိုက်၌ ဖွင့်လှစ် သင်ကြားနေသော ယဉ်ကျေးလိမ္မာဓမ္မစကူးသင်တန်း သင်တန်းဆင်းပွဲပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁၆

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာရှိ နားကုန်း ပရိယတ္တိစာသင်တိုက်၌ ဖွင့်လှစ်သင်ကြားနေသော ယဉ်ကျေးလိမ္မာဓမ္မစကူးသင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ပြုလုပ်ရာ နားကုန်း ကျောင်းတိုက်ဆရာတော်အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် အဖွဲ့ဝင်များ၊ ယဉ်ကျေး လိမ္မာဓမ္မစကူးသင်တန်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်း သူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နားကုန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ယဉ်ကျေး လိမ္မာဓမ္မစကူးသင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။