လားရှိုးမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

လားရှိုးမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဩဂုတ်- ၂
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး ကလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ အား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် နီလင်းအောင် က လည်းကောင်း ယနေ့တွင် တိုင်းစစ်ဌာနချုပ်များရှိခန်းမများ၌ အသီးသီးသွားရောက်တွေ့ဆုံသည်။
    
ဦးစွာ တိုင်းမှူးများက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးများက ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား  ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။