လားရှိုးမြို့နယ်ရှိ၊ ကွမ်းလုံမြို့နယ်နှင့် ပြည်မြို့နယ်တို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်

လားရှိုးမြို့နယ်ရှိ၊ ကွမ်းလုံမြို့နယ်နှင့် ပြည်မြို့နယ်တို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ ဩဂုတ် - ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ တပ်မတော်သားများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ အား စားသောက်ဖွယ်ရာများပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ် ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တပ်နယ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး တင်ပြချက်များပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။