လားရှိုးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ပေးအပ်

လားရှိုးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ ဇူလိုင်- ၁၉

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဆောင်ရွက်ပေးလျက်ရှိသည့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ယနေ့ နေ့လယ်ပိုင်းတွင် လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ်၌ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စေတနာ့ဝန် ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးသည်။ ထို့နောက် တိုင်းမှူးက စေတနာ့ဝန်ထမ်းများအတွက် PPE Level-2 ၂၀၀ စုံ၊ ခေါင်းစွပ် ၂၀၀ ခု၊ ဆန် ၆၀ အိတ်၊ ဆီ ၆၀ ပိဿာ၊ ကုလားပဲ ၁၈၀ ပိဿာ၊ ကြက်သွန်နီ ၁၈၀ ပိဿာ၊ ငါးသေတ္တာ ၃၀၀ ဗူးနှင့် သွားတိုက်ဆေး၊ သွားတိုက်တံ ၆၀ စုံ တို့အား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။