လားရှိုးမြို့၌ (၂၉)ကြိမ်မြောက် ပထမနှစ် သူနာပြုနှင့် သားဖွားဒီပလိုမာသင်တန်းသား၊ သင်တန်းသူများအား ဦးဆောင်းနှင့် ဂျူတီကုတ်အပ်နှင်း

လားရှိုးမြို့၌ (၂၉)ကြိမ်မြောက် ပထမနှစ် သူနာပြုနှင့် သားဖွားဒီပလိုမာသင်တန်းသား၊ သင်တန်းသူများအား ဦးဆောင်းနှင့် ဂျူတီကုတ်အပ်နှင်း

နေပြည်တော်၊ ဇူလိုင် - ၆

(၂၉)ကြိမ်မြောက် ပထမနှစ် သူနာပြုနှင့် သားဖွားဒီပလိုမာသင်တန်းသား၊ သင်တန်းသူများအား ဦးဆောင်းနှင့် ဂျူတီကုတ်အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။
ဦးစွာတိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လားရှိုး သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးက ဦးဆောင်းနှင့် ဂျီူတီကုတ် အပ်နှင်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သင်တန်းသား၊ သင်တန်း သူ ၇၅ ဦးအား တာဝန်ရှိသူများက ဦးဆောင်းနှင့် ဂျူတီကုတ်များ ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ထူးချွန်ဆုရရှိသော သင်တန်းသူများအား ဆုများအသီးသီး ချီးမြှင့် ပေးအပ်ပြီး ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် မျိုးဆက်သစ်သူနာပြုများသို့ Florence Nightingale ၏ မီးအိမ်ကို ကျောင်းအုပ်ကြီးက လက်ဆင့်ကမ်းထွန်းညှိပေး၍ သင်တန်းသား၊ သင်တန်းသူများက သူနာပြုအဓိဌာန်ရွတ်ဆိုကြပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။