လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေရန်ရည်ရွယ်ပြီး မဟုတ် မမှန်သတင်းများအား လုပ်ကြံဖန်တီးဖြန့်ချီသူအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၂၁
    
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရား ဉပဒေစိုးမိုးရေးနှင့် အေးချမ်းစွာနေထိုင်လိုသော မိဘပြည်သူများ၏ အသက် အိုးအိမ်စည်း စိမ်လုံခြုံမှုရှိစေရေးအတွက် နေ့/ညမပျက် ဆောင်ရွက်လျက်ရှိရာ အဖျက် အမှောက် ဆောင်ရွက်လိုသူများက အဆိုပါလှုပ်ရှားမှုများအပေါ် ဂုဏ်သိက္ခာ ထိခိုက် ညှိုးနွမ်းစေရန်ရည်ရွယ်ပြီး မဟုတ်မမှန်သတင်းများအား လုပ်ကြံဖန်တီး ထုတ်လွှင့် ခြင်းများ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
    
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မေ ၁၄ ရက် ည ၇ နာရီခွဲခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ ဝင်များက အင်းလျားလမ်းနှင့် ဉယျာဉ်လမ်းထောင့်နေရာ၌ မရတနာလှိုင်စီးနင်း လာသော LEXUS အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေး၍ ၎င်းကားပေါ်တွင် ပါရှိသည့် လက်ကိုင်ဖုန်း ၅ လုံးအား သိမ်းဆည်းယူဆောင်သွားကြောင်း လုပ်ကြံစွပ်စွဲ သတင်းဖြန့်ချီမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
    
ဖြစ်စဉ်အားစိစစ်ရာ လှိုင်မြို့နယ်၊ ပါရမီလမ်း(၁၆)ရပ်ကွက်၊ အမှတ်(၆၃)၌ နေထိုင်သည့် မရတနာလှိုင်(ဘ)ဦးစိန်လှိုင်သည် မေ ၁၄ ရက်ညပိုင်းတွင် ၎င်း၏ သူငယ်ချင်း ၄ ဦးနှင့်အတူ ဓမ္မစေတီလမ်းပေါ်ရှိ စားသောက်ဆိုင်သို့ သွားရောက် စားသောက်စဉ် ၎င်းကိုင်ဆောင်သည့် I Phone 12 Promax အမျိုးအစားလက်ကိုင်ဖုန်း ပျောက်ဆုံးသွားခဲ့မှုအပေါ်အကြောင်းပြု၍ ၎င်း၏လက်ကိုင်ဖုန်းအပါအဝင် သူငယ်ချင်း များ၏ လုပ်ကိုင်ဖုန်း စုစုပေါင်း ၅ လုံးကို ကမာရွတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက သိမ်းဆည်းယူဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု မဟုတ်မမှန်လုပ်ကြံစွပ်စွဲပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာထိခိုက်နစ်နာစေရန် သတင်းမှားဖြန့်ချီခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
    
အဆိုပါ လုပ်ကြံဖန်တီးသူအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။