လူငယ်အသင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမြင့်တက်ခဲ့သည့်အတွက် မန်စီးတီးအသင်း၏ အကယ်ဒမီကို ယာယီပိတ်ထားခဲ့ရ

လူငယ်အသင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမြင့်တက်ခဲ့သည့်အတွက် မန်စီးတီးအသင်း၏ အကယ်ဒမီကို ယာယီပိတ်ထားခဲ့ရ

မန်စီးတီးလူငယ်အသင်းများဖြစ်သည့်   ယူ-၁၈ အသင်းနှင့် ယူ-၂၁ အသင်းတို့မှ ကစားသမားများတွင်  ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်ခဲ့သည့်အတွက်  အသင်းအကယ်ဒမီကို   ယာယီပိတ် ထားခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မန်စီးတီးအသင်းမှ လူငယ်ကစားသမားများကို ပြည်ပ လေ့ကျင့်ရေး အစီအစဉ်စေလွှတ်ရန် ဆေးစစ်မှုများပြုလုပ်ခဲ့ရာ ကစားသမားငါးဦးအထိ ရောဂါကူးစက်ခံထားရသည်။ ထို့ကြောင့် အဆိုပါကစားသမားများကို သီးခြားထား ရှိကာ ဆေးဝါးကုသမှုများ ခံယူစေခဲ့ပြီး ကျန်ကစားသမားများကိုလည်း သီးသန့်စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီးနောက် အသင်းအကယ်ဒမီကို ယာယီပိတ်ထားခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် မန်စီးတီးအသင်းက အကယ်ဒမီတစ်ခုလုံးကို ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် ၁၀ ရက်ကြာပိတ်ထားမည်ဟု သတင်းထုတ်ပြန် ထားပြီး စီနီယာအသင်း၏ လေ့ကျင့်ရေးအစီအစဉ်ကိုလည်း သွားရောက်ခြင်းမပြုရန် တားမြစ်မှုများ ပြုလုပ်ထားသည်။ မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီ ကလည်း အသင်းအကယ်ဒမီတွင် ကိုဗစ်-၁၉     ရောဂါကူးစက်မှုများရှိခဲ့သည့်အတွက် ယာယီ ပိတ်ထားခဲ့ရကြောင်း သိရသည်။

Ref;Manchester Evening News