လောက်ကိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူနေသူများအားကြည့်ရှု အားပေး၊ မြိတ်မြို့နယ်ရှိလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပျဉ်းမနားအရှေ့ခြမ်း တောင်ပေါ် ဒေသရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် အဝတ် အထည်များ ပေးအပ်

လောက်ကိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူနေသူများအားကြည့်ရှု အားပေး၊ မြိတ်မြို့နယ်ရှိလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပျဉ်းမနားအရှေ့ခြမ်း တောင်ပေါ် ဒေသရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် အဝတ် အထည်များ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၁

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေ အနေများအား မေးမြန်းအားပေးစကား ပြောကြားကာ အာဟာရဖြည့် စားသောက် ဖွယ်ရာများ ပေးအပ်သည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင် များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာ များနှင့် ကိုဗစ်ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ် သည်။

၎င်းအပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား အရှေ့ခြမ်းတောင်ပေါ်ဒေသ ဂမုန်းတောင်ကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ ထောက်ပံ့ပေးအပ်သည့် အဝတ်အထည်များအား ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားတပ်နယ်မှ တာဝန်ရှိသူများက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။