လောက်ကိုင်မြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်

လောက်ကိုင်မြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဩဂုတ် - ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၌ လုံခြုံရေးတာဝန်ထမ်းဆောင် နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ပွဲကို ဩဂုတ် ၅ ရက် နေ့လယ်ပိုင်းတွင် လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လောက်ကိုင်တပ်နယ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များ တက်ရောက်ကြသည်။
ဦးစွာ လောက်ကိုင်တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြား သည်။ ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကြက်ဉ၊ အာလူး၊ ကြက်သွန်ဖြူနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။