လောက်ကိုင်မြို့၊ယာယီနယ်စပ်ဂိတ်ဖွင့်လှစ်မည့်နေရာအားကြည့်ရှုစစ်ဆေး၊ Ouarantine Center များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

လောက်ကိုင်မြို့၊ယာယီနယ်စပ်ဂိတ်ဖွင့်လှစ်မည့်နေရာအားကြည့်ရှုစစ်ဆေး၊ Ouarantine Center များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

 
နေပြည်တော်၊ စက်တင်ဘာ - ၂၂

 
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံဂိတ်၊ ရန်လုံကျိုင်းတံတား၊ နယ်စပ်ဂိတ်အနီး ယာယီ နယ်စပ်ဂိတ်ဖွင့်လှစ်မည့်နေရာနှင့် Ouarantine Center ဆောင်ရွက်ထားရှိမှုအခြေ အနေများကို စက်တင်ဘာ ၂၁ ရက်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ ပြည်သူ့ဆေးရုံကြီးနှင့် ချမ်းမြေ့ဂုဏ်ဝေ ပရိယတ္တိ ပရိပတ္တိသီလရှင်ကျောင်းတိုက်များသို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေးပစ္စည်းများနှင့် အလှူငွေများကိုလည်းကောင်း၊ မြို့နယ်အားစကားခန်းမ၌ ဖွင့်လှစ်ထားရှိသည့် Ouarantine Center မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများအတွက် ရောဂါကာ ကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသရုံးအစည်းအဝေးခန်းမ၌ ဒေသဦးစီးဉက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ အားတွေ့ဆုံ၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ်လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်က ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသဦးစီးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(လောက်ကိုင်၊ ကုန်းကြမ်း)တို့အတွက် အလှူငွေများနှင့် ရောဂါကာကွယ်ရေးပစ္စည်းအထောက် အကူပြုပစ္စည်းများပေးအပ်ပြီး ဒေသဦးစီးရုံး၊ ဇာတ်ရုံခန်းမ၌ လည်ပတ်လျက်ရှိသော Oxygen Plant ကိုသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။