လောင်းလုံးမြို့နယ်၊ မြန်မာ့ပင်လယ်ပြင် အတွင်း၌  ငါးခိုးဖမ်းလှေတစ်စင်း ဖမ်းဆီးရမိ

လောင်းလုံးမြို့နယ်၊ မြန်မာ့ပင်လယ်ပြင် အတွင်း၌  ငါးခိုးဖမ်းလှေတစ်စင်း ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၂ ရက် နံနက် ၁၁ နာရီခွဲ ခန့်တွင် ဟိန်းဇဲကျွန်း၏မြောက်ဘက် ရေမိုင် ၁၁ ဒသမ ၂ မိုင်ခန့်အကွာသို့ အရောက် ၌  မသင်္ကာဖွယ်လှေတစ်စင်း တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ ကမ်းနီးရေပြင် အတွင်း ငါးခိုးဖမ်းနေသော သုတပိုင်အမည်ရှိ စည်းပျက်ငါးဖမ်းလှေပေါ်မှ အောင်စိုး(ဘ)ဦးသံဒုန်း အပါအဝင် အမျိုးသား ၈ ဦးအား တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် လှေအား လောင်းလုံးမြို့၊  ငါးလုပ်ငန်းဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။