လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး အတွင်းရှိ ပြည်သူ့ပိုင်ပစ္စည်း များအား ဝင်ရောက်ဖျက်ဆီးခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

နေပြည်တော်၊ မေ - ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ် ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ကျော်ကျော်ဖြိုး(ခ)ကိုဖြိုး(ဘ)ဦးမောင်ဝင်း၊ ဇော်ဇော် (ခ)ဖိုးဇော်(ဘ)ဦးအေးဝင်း၊ မျိုးကျော်ဦး(ခ)ကြက်ဉ(ဘ)ဦးအေးလွင်၊ မမင်းမင်းလတ် (ဘ)ဦးဌေးဝင်း၊ မစိုးနန္ဒာဖြိုး(ခ)အကြီးမ(ဘ)ဦးဇော်မင်းလတ်၊ မအေးနန္ဒာစိုး(ခ) အငယ်မ(ဘ)ဦးဇော်မင်းလတ်၊ ဇော်မင်းလတ်(ဘ)ဦးဌေးဝင်း၊ စံပွား(ဘ)ဦးမောင်ဝင်း၊ စီပေါ(ဘ)ဦးသန်းအေးနှင့် စံပေါ(ဘ)ဦးသန်းအေးတို့သည် မတ်လ ၁၄ ရက် ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အလိုမရှိကြောင်း ကြွေးကြော် အော်ဟစ်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ နံရံများအား ဖျက်ဆီးပြီး ရုံးခန်း အတွင်းသို့ ဝင်ရောက်၍ ရုံးသုံးပရိဘောဂပစ္စည်းများအား ပြည်သူပိုင်ပစ္စည်းမှန်း သိပါလျက် ရိုက်ချိုး၊ ဖျက်ဆီးခဲ့ခြင်းဖြင့် ပြည်သူပိုင်ပစ္စည်းကို အကျိုးဖျက်ဆီးမှု ပြုလုပ်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေပုဒ်မ-၆(၁) အရ ၎င်းတို့ အား မေ ၄ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်” စီ အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူ ၁၀ ဦးအနက် ဇော်မင်းလတ်(ဘ)ဦးဌေးဝင်း၊ စံပွား(ဘ)ဦးမောင်ဝင်း၊ စီပေါ(ဘ)ဦးသန်းအေးနှင့် စံပေါ(ဘ)ဦးသန်းအေး တို့သည် ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ သည်။ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အထည်ချုပ်စက်ရုံများ၊ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား မီးရှို့ဖျက်ဆီးခြင်း၊ မီးငြိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီးနှောင့်ယှက်မှုများ ဆောင်ရွက်သည့် အပြင် အကြမ်းဖက်မှုများကိုပါ ဆောင်ရွက်လာသဖြင့် စစ်အုပ်ချုပ်ရေးအမိန့် ( Martial Law) အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။