ဝန်ကြီးဌာနများနှင့်နေပြည်တော်ကောင်စီတို့တွင်တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား ကိုဗစ် ၁၉  ရောဂါကာကွယ်ဆေး ထိုးနှံပေး

ဝန်ကြီးဌာနများနှင့်နေပြည်တော်ကောင်စီတို့တွင်တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား ကိုဗစ် ၁၉  ရောဂါကာကွယ်ဆေး ထိုးနှံပေး

 နေပြည်တော်- ဇူလိုင် ၂၆

ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများနှင့် နေပြည် တော်ကောင်စီတို့တွင် တာဝန်ထမ်း ဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့မနက်ပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း တွင်ဆောင်ရွက်ခဲ့သည်။

ကိုဗစ် (၁၉) ကာကွယ်ဆေးထိုးနှံပေးရာတွင် ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများ နှင့်တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချိုတိုင်းတာပေးခြင်းအစရှိသည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဦးစွာဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ကာ ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ပွားတက်သော နောက်ဆက်တွဲ ပြသနာများ စောင့်ကြပ်ကြည့်ရှု့ခြင်းနှင့် ဖြစ်ပွားလာပါကလည်း အရေးပေါ် ကုသမှုပေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန် Medical Team များ ဖွဲ့စည်းထားရှိပြီး စနစ်တကျထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင်နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်ဆေးရုံကြီး ကုတင်(၁၀၀၀) မှ တပ်မတော်သားဆေးမှူး၊ ပါရဂူများ၊ ပညာရေးဝန်ထမ်းများ၊ Volunteer စေတနာ့ဝန်ထမ်းများပူးပေါင်း၍ မနက်(၉)နာရီမှညနေ(၄) နာရီထိ အစိုးရဝန်ထမ်း (၁၅၀၀)ဦးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေးပို့လှူဒါန်းသည့် Sinopharm ကိုဗစ် ၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း နှင့် ထိုသို့ကာကွယ်ဆေးထိုးနှံပေးနေမှု့များကို နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု့အားပေးခဲ့ကြောင်း သတင်ရရှိသည်။