ဝမ်ဟုန်ကျေးရွာရှိ ဒေသခံပြည်သူများအား ဖွင့်လှစ်သင်ကြားပေးခဲ့သည့် ဆေးဘက် ဆိုင်ရာသင်တန်းနှင့် မွမ်းမံသင်တန်းများ ဆင်းပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ဝမ်ဟုန်ကျေးရွာရှိ ဝမ်ဟုန်ဆေးရုံ၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးတပ်ရင်းမှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဒေသခံ ပြည်သူများအား ဖွင့်လှစ်သင်ကြားပေးခဲ့သည့် ဆေးဘက်ဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၁)နှင့် ဆေးဘက်ဆိုင်ရာမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းများ ဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ မိုင်းဆတ်တပ်နယ်မှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ မိုင်းဆတ်တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက သင်တန်းဆင်းအမှာစကားပြော ကြားပြီး တက်ရောက်လာသူတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

အဆိုပါ ဆေးဘက်ဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၁)ကို သင်တန်းသား၊ သင် တန်းသူ ၄၆ ဦးဖြင့် လည်းကောင်း၊ ဆေးဘက်ဆိုင်ရာမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၁) ကို သင်တန်းသား၊ သင်တန်းသူ ၂၄ ဦးဖြင့် လည်းကောင်း ဧပြီ ၅ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။