သတင်းထုတ်ပြန်ကြေညာခြင်း

သတင်းထုတ်ပြန်ကြေညာခြင်း
    
မန္တလေးဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာ ခင်မောင်လွင် သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် မန္တလေးဆေးတက္ကသိုလ် အား CDM ကျောင်းအဖြစ်ကြေညာခြင်း၊ မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်နှင့် ဝန်ထမ်းများအားဦးဆောင်၍ CDM လှုပ်ရှားမှုတွင် ပါဝင်အားပေးကူညီဆောင်ရွက် ခြင်း၊ CDM လှုပ်ရှားမှုတွင်မပါဝင်သေးသည့် ဆရာဝန်နှင့်ဝန်ထမ်းများအား ပါဝင်လာ စေရန်စည်းရုံးလှုံ့ဆော်ခြင်း၊ ဖိအားပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
    
ဒေါက်တာ ခင်မောင်လွင်သည် CDM လှုပ်ရှားမှုတွင် ဦးဆောင်လှုံ့ဆော်ခဲ့သည့် အပြင် ဖေဖော်ဝါရီလ ၂၆ ရက်တွင် မန္တလေးဆေးတက္ကသိုလ်အား ညွှန်ကြားရေးမှူး ဒေါ်ခင်စိုးရီ ဦးဆောင်သောအဖွဲ့မှ Non-CDM ပြုလုပ်၍ ကျောင်းပြန်လည်ဖွင့်လှစ် ကာ ရုံးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့်အပေါ် ဖိအားပေးခြင်း၊ ခြိမ်းခြောက် ပြောဆိုခြင်းများကိုလည်း ပြုလုပ်ခဲ့ပါသည်။
    
ထို့ကြောင့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဒေါက်တာ ခင်မောင်လွင် အား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)နယ်မြေရဲစခန်းမှ (ပ)၂၀/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ၅၀၅-က ဖြင့် အမှုဖွင့်လှစ်အရေးယူထားပြီးဖြစ်ပါသည်။
    
အဆိုပါ အမှုဖွင့်လှစ်ထားရှိသော တရားခံ ဒေါက်တာ ခင်မောင်လွင် အား ဝိုင်းဝန်းဖမ်းဆီးပေးနိုင်ပါရန်၊ တွေ့ရှိပါက နီးစပ်ရာနယ်မြေခံတပ်၊ ရဲစခန်းများသို့ အကြောင်းကြားပေးနိုင်ပါရန်နှင့် လက်ခံထားသူများအား တရားဉပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။