သတင်းထုတ်ပြန်ခြင်း 

သတင်းထုတ်ပြန်ခြင်း 

နေပြည်တော်၊ မတ်လ ၁၄ 

၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက် နေ့လည် ၃ နာရီခွဲအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် တွံတေးမြို့နယ်၊ ရွှေဆံတော်ဘုရားလမ်း ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်စဉ် ဆူပူဆန္ဒပြသူ လူစုလူဝေးများမှ လေးဂွ၊ ဂျင်ကလိ၊ လေသေနတ်များ အသုံးပြု၍ အကြမ်းဖက်ဆန်စွာရန်ပြုလာသဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ အမျိုးသား ၂ ဦး (စိစစ်ဆဲ)မှာ ဒဏ်ရာရရှိသေဆုံးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ 

 

၎င်းဖြစ်စဉ်တွင် အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရပြီး ၎င်းဒဏ်ရာရရှိသူများ အနက်မှ အမျိုးသား ၂ ဦး (စိစစ်ဆဲ)မှာ ရရှိဒဏ်ရာများဖြင့် ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရပါသဖြင့် သေဆုံးမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။