သတင်းထုတ်ပြန်ခြင်း

သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ်လ ၁၂ ရက်
    
ဆူပူဆန္ဒပြသူလူစုလူဝေးများ၏ ဆောင်ရွက်မှုများကို လေ့လာကြည့်ရာတွင် လူငယ်ထုအများ အပြားအနေဖြင့် ဝတ်စားဆင်ယင်မှုပုံသဏ္ဍာန်ကို ဆန်းပြားစွာဝတ်ဆင်ပြီး အများသူငါမှ မိမိပုံ သဏ္ဍာန်ကို ထင်သာမြင်သာစွာသိရှိစေလိုသည့် ဝတ်စုံဦးစားပေးအုပ်စု၊ လုံခြုံရေးတပ်ဖွဲ့နှင့်ထိပ်တိုက် တွေ့ဆုံရာတွင် ဆန္ဒပြရုံသက်သက် လူမှုကွန်ယက်တွင်ပါဝင်ရုံသက်သက် ရည်မှန်း၍ဆောင်ရွက်လို သူအုပ်စု၊ ဆူပူဆန္ဒပြရာတွင် ဒေသန္တရလက်လုပ်ဒိုင်းကာများ၊ ယမ်းထုပ်များ၊ မီးခိုးငွေ့ကာမျက်နှာ ဖုံးများ၊ မီးသတ်ဆေးဘူးများကို ကိုင်ဆောင်အသုံးပြုသော အသုံးအဆောင် ပစ္စည်းဦးစားပေးသည့် အုပ်စုနှင့် လမ်းကြောင်းပိတ်ဆို့ရေးအတွက် တာယာကွင်းများ၊ ပီနံအိတ်ခွံများမီးရှို့ခြင်း ရရာအတား အဆီးများ ပြုလုပ်ဆောင်ရွက်ပြီး လေးဂွ၊ ဂျင်ဂလိ၊ ဓား၊ လှံ၊ မှိန်း၊ ဆူး၊ တူမီးလက်လုပ်သေနတ် များကိုင်ဆောင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိပ်တိုက်ရင်ဆိုင်ကာ ရန်ပြုအကြမ်းဖက်လိုသော အုပ်စုဟူ၍ ကွဲပြားစွာဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါသည်။
    
သို့ဖြစ်ပါ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံစဉ် ဖြေလျှော့၍လူစု ခွဲရန်မေတ္တာရပ်ခံချိန်တွင် အထက်ဖော်ပြပါအုပ်စုများအနက်မှ ရန်ပြုအကြမ်းဖက်လိုသူအုပ်စုအနေ ဖြင့်သာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား နည်းမျိုးစုံဖြင့် ထိပ်တိုက်ရင်ဆိုင်လာကြ၍ လုံခြုံရေးတပ်ဖွဲ့၏ မလွဲမရှောင်သာ လူစုလူဝေးဖြိုခွဲမှု၊ ထိခိုက်ဒဏ်ရာရရှိသေဆုံးမှုများကို ကြုံတွေ့နေရကြောင်း တွေ့ရှိ ရပါသည်။
    
၂၀၂၁ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဆူပူဆန္ဒပြသူ လူစုလူဝေးဆောင်ရွက်ခဲ့မှုအနေဖြင့် ယနေ့တွင် မြို့နယ်အချို့တို့၌ လူစုလူဝေးများ ဖြစ်ပွားခဲ့၍ ဖြိုခွဲထိန်းသိမ်းခြင်းများဆောင်ရွက်ခဲ့ရပြီး အမျိုးသား (၆၅)ဦး၊ အမျိုးသမီး(၁၀)ဦး၊ စုစုပေါင်း (၇၅)ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။ 
    
ဆူပူဆန္ဒပြသူ လူစုလူဝေးများအနေဖြင့် လူမှုကွန်ယက်မှတစ်ဆင့် သွေးထိုးလှုံ့ဆော်ခြင်း၊ ကြွေးကြော်သံအမျိုးမျိုးသတ်မှတ်ပေးခြင်း၊ တော်လှန်ရေးခေါင်းစဉ်အမျိုးမျိုးတပ်၍ လှုံ့ဆော်ခြင်း၊ လူစုလူဝေးများပြုလုပ်ရန် လျာထားရက်နှင့်အချိန်များကို သတ်မှတ်ပေးပြီး မိမိနယ်မြေအလိုက် NLD ပါတီ၏ နောက်ကွယ်မှကြိုးကိုင်စေခိုင်းမှုဖြင့်သာ နေ့စဉ်လှုပ်ရှားဆောင်ရွက်နေသည့် အခြေအနေ ဖြစ်ပြီး လက်ရှိအချိန်တွင် ထင်သလိုလှုပ်ရှားနိုင်မှုမရှိဘဲ အခွင့်မသာသည့်အခြေအနေသို့ ရောက်ရှိ နေကာ လူစုလူဝေးများ ပိုမိုဖြစ်ပွားအောင် လူမှုကွန်ယက်မှတစ်ဆင့် ထပ်မံသွေးထိုးတွန်းအားပေး လှုံ့ဆော်မှုများနှင့် ကောလာဟလသတင်းအမှားများ တိုးမြှင့်ဆောင်ရွက်လာနေသည်ကို တွေ့ရှိရပါ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။