သတင်းအမှားဖြစ်ကြောင်း အသိပေးကြေညာခြင်း

၁။      လူမှုကွန်ရက်စာမျက်နှာ (Facebook) ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံးအနေဖြင့် ရွေးကောက်ပွဲ မှတ်ပုံတင်ကြေး ( ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေ ) ပေးသွင်းခဲ့သည့် ငွေကျပ်သုံးသိန်းကို ဇွန်လ ၁ ရက် နေ့မှစ၍ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသကဲ့သို့ သတင်းအမှားအား လွှင့်တင်ထားသည်ကို တွေ့ရှိရပါသည်။

၂။       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော်နည်းဥပဒေများ ၃၈ အရသာ ဆောင်ရွက်လျက်ရှိပြီး ၎င်းသတင်း ထုတ်ပြန်ချက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်သည့် ထုတ်ပြန်ချက်မဟုတ်ဘဲ သတင်းအမှားဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။        

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်