သီရိလင်္ကာနိုင်ငံ၌ ၁၆ နှစ်အတွင်း အဆိုးဆုံးသော ယာဉ်မတော်တဆမှုဖြစ်ပွား

ကိုလံဘို၊ မတော်တဆမှု

သီရိလင်္ကာနိုင်ငံ အလယ်ပိုင်းဒေသ၌  မတ် ၂၀ ရက်တွင် ၁၆ နှစ်အတွင်း အဆိုးဆုံးသော ယာဉ်မတော် တဆမှုဖြစ်ပွားကြောင်းနှင့် ခရီးသည်များစွာ လိုက်ပါလာသည့် ဘတ်စကားတစ်စီးက ချောက်ထဲသို့ထိုးကျရာ ယာဉ်မောင်းနှင့်ခရီးသည် ၁၃ ဦးသေဆုံးကြောင်း သိရသည်။

ပုဂ္ဂလိကပိုင် အဆိုပါဘတ်စကားသည် တောင်ကုန်းထူထပ်သော ပက်ဆာရာဒေသကို ဖြတ်သန်းသွားစဉ် လမ်းကျဉ်းတစ်ခုတွင် မျက်နှာချင်းဆိုင်မှလာသော ကုန်တင်ကားတစ်စီးကို ရုတ်တရက်တွေ့ရှိပြီးနောက် ဘတ်စကားနှင့် မတိုက်မိစေရန် ရုတ်တရက် ကွေ့လိုက်သောကြောင့် ချောက်ထဲသို့ထိုးကျသွားခြင်း ဖြစ်ကြောင်း   ရဲတပ်ဖွဲ့ကပြောသည်။

အဆိုပါ မတော်တဆမှုအတွင်း သေဆုံးသူ ၁၃ ဦးမှာ အမျိုးသမီးငါးဦးနှင့်အမျိုးသားရှစ်ဦးဖြစ်ကာ ဒဏ်ရာရရှိ သူ အယောက် ၃၀ ကျော်ရှိကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ သီရိလင်္ကာနိုင်ငံ၌  ၂၀၀၅  ခုနှစ်တွင် လူ ၃၇ ဦး သေဆုံးသည့် ယာဉ်မတော်တဆမှုဖြစ်ပွားသည့်အတွက် ယခုဖြစ်ပွားသည့် မတော်တဆမှုသည် ၁၆   နှစ် အတွင်း အဆိုးဆုံး ယာဉ်မတော်တဆမှုဖြစ်ကြောင်း သိရသည်။                      

Ref: TST