သီရိလင်္ကာ၌ ရေကြီးမှုနှင့်မြေပြိုမှုကြောင့် လူလေးဦးသေဆုံးပြီး ခုနစ်ဦးပျောက်ဆုံး

ကိုလံဘို၊ သဘာဝဘေး

သီရိလင်္ကာနိုင်ငံ၌  မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးမှုနှင့်မြေပြိုမှုဖြစ်ပွားရာ လူလေးဦးသေဆုံးပြီး ခုနစ်ဦး ပျောက်ဆုံးကာ လူပေါင်း ၅၀၀၀ ကျော်မှာ နေအိမ်စွန့်ခွာထွက်ပြေးရကြောင်း တာဝန်ရှိသူများက ဇွန် ၅ ရက်တွင်ပြောသည်။

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံဖြစ်သည့် သီရိလင်္ကာနိုင်ငံ၏ ခရိုင် ၆ ခု၌ ဇွန် ၃ ရက်ညပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း ကြောင့်  လူနေအိမ်များစွာ၊ လယ်ကွင်းများနှင့် လမ်းမများ၌ ရေလွှမ်းမိုးကာ  ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားသည်။

ယခုသဘာဝဘေးကြောင့် သေဆုံးသူများအနက် နှစ်ဦးသည် ရေကြီးခြင်းကြောင့်ဖြစ်ပြီး ကျန်နှစ်ဦးမှာ မြေပြိုခြင်းကြောင့်ဖြစ်ကြောင်း  အစိုးရ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

ကိုလံဘိုမြို့၏အရှေ့ဘက် ၈၅ ကီလိုမီတာအကွာရှိ ကီဂယ်လီခရိုင်၌ နေအိမ်တစ်လုံးအပေါ် တောင်ပူစာတစ်ခုပြိုကျရာ မိသားစုဝင် လေးဦးမှာ  နေအိမ်နှင့်အတူ နစ်မြုပ်သွားကြောင်း တာဝန်ရှိသူများနှင့် ဒေသတွင်းသတင်းဌာနက ဖော်ပြထားသည်။

စစ်သည်များနှင့် ရွာသူရွာသားများက ရွှံ့နွံများနှင့် အပျက်အစီးများကိုဖယ်ရှားပြီး ရှာဖွေကယ်ဆယ်မှုပြုလုပ်ရာ ကလေးတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

အဆိုပါသဘာဝဘေးကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူ ၅၀၀၀ ကျော်မှာ ကယ်ဆယ်ရေးစခန်းများ၌နေထိုင်နေရပြီး အိမ်ခြေ ၅၀၀ နီးပါးပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။      

Ref: CNA