သောက်ရေခက်ခဲလျက်ရှိသောကျေးရွာသို့ တပ်မတော်သားများက သောက်ရေသန့်များ ဖြန့်ဝေလှူဒါန်း

သောက်ရေခက်ခဲလျက်ရှိသောကျေးရွာသို့ တပ်မတော်သားများက သောက်ရေသန့်များ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၅
    
သောက်ရေ အခက်အခဲဖြစ်ပေါ်လျက်ရှိသော ကျေးရွာများသို့ နယ်မြေခံ တပ်မတော်သားများက သောက်သုံးရေများ သွားရောက်ဖြန့်ဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မကွေး တိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ကျသေးကုန်းကျေးရွာ သို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၁၃၀ ဘူး၊ သုံးရေ ၁၆၀၀ ဂါလန်နှင့် မင်းလှမြို့နယ်၊ ညောင်ပင်ကျင်းကျေးရွာသို့ သောက်ရေ သန့် ၂၀ လီတာဆံ့ ၄၀ ဘူးနှင့် သုံးရေ ၈၀၀ ဂါလန်တို့အား နယ်မြေခံတပ်မတော်သားများက သွားရောက် ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။