သောက်ရေခက်ခဲလျက်ရှိသောကျေးရွာသို့ တပ်မတော်သားများက သောက်ရေသန့်များ ဖြန့်ဝေလှူဒါန်း

သောက်ရေခက်ခဲလျက်ရှိသောကျေးရွာသို့ တပ်မတော်သားများက သောက်ရေသန့်များ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၆
    
သောက်ရေ အခက်အခဲဖြစ်ပေါ်လျက်ရှိသော ကျေးရွာများသို့ နယ်မြေခံ တပ်မတော်သားများက သောက်သုံးရေများ သွားရောက်ဖြန့်ဝေလှူဒါန်းပေးလျက်ရှိပြီး ယနေ့တွင်လည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ညောင်ကန်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၃၀၀ ဘူးနှင့် သုံးရေ ၁၂၀၀ ဂါလန်တို့အား သွားရောက် ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။