သဲကုန်းမြို့၊ ဆင်တဲကုန်းကျေးရွာရှိ ကြက်မွေးမြူရေးခြံဝင်းအတွင်း လက်လုပ်ရီမုမိုင်းစမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိ

နေပြည်တော် စက်တင်ဘာ ၇

 သဲကုန်းမြို့နယ်၊ ဆင်တဲကုန်းကျေးရွာနေ အုန်းဟန်(၃၇)နှစ်ပိုင်ဆိုင်သည့် ကြက်မွေး မြူရေးခြံအတွင်း စက်တင်ဘာလ ၆ ရက် ည ၈ နာရီခွဲခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသောကြောင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ လက်လုပ်ရီမုမိုင်း စမ်းသပ်ပြုလုပ်စဉ် မတော်တဆပေါက်ကွဲ မှုဖြစ်ပွားသဖြင့် သဲကုန်းမြို့နယ်၊ အုတ်ဆွဲ ကျေးရွာနေ ရန်ကျော်(၂၄)နှစ်မှာ နေရာတွင်ပင်သေဆုံးခဲ့ကာ ၎င်းနှင့်အတူ မိုင်း စမ်းသပ်ရာတွင်ပါဝင်သူ ကြက်မွေးမြူရေးခြံ ပိုင်ရှင် အုန်းဟန်(၃၇)နှစ်နှင့် လိပ်ပြာသိန်း သောင်းကျေးရွာနေ ဇင်လင်းထက်(၂၄)နှစ်တို့မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး ပေါက်ကွဲ သည့်ဝန်းကျင်တွင် လက်လုပ်မိုင်း ၅ လုံး၊ ဒီတိုနေတာ ၃၀ ခု၊ ယမ်းကြိုး(အမြန်) ၂၇ မီတာနှင့် ဖောက်ခွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သတင်းရရှိသည်။

(၁၀၀)