သံတောင်ကြီးမြို့နှင့် ကော့သောင်းမြို့တို့ရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက် ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှု

သံတောင်ကြီးမြို့နှင့် ကော့သောင်းမြို့တို့ရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက် ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ - ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ် ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များက လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နေ့လယ်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့်အဖွဲ့ဝင်များက လည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများအား မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ် ရာများ ပေးအပ်သည်။
ထို့နောက် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။