သံဖြူဇရပ်မြို့၊ ဓမ္မရာမဘုန်းတော်ကြီးကျောင်းတိုက်၌ ရေစုကန်မြေထိန်းနံရံကျောက်စီခြင်း လုပ်ငန်းများ ကူညီဆောင်ရွက်

သံဖြူဇရပ်မြို့၊ ဓမ္မရာမဘုန်းတော်ကြီးကျောင်းတိုက်၌ ရေစုကန်မြေထိန်းနံရံကျောက်စီခြင်း လုပ်ငန်းများ ကူညီဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၅
    
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ဓမ္မရာမဘုန်းတော်ကြီးကျောင်းတိုက်၌ သောက်သုံး ရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် ရေဂါလန် တစ်သန်းဆံ့ရေစုကန်တူးဖော်တည်ဆောက် ခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ယနေ့နံနက် ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သံဖြူဇရပ်တပ်နယ်မှ တပ်မတော်သားများက ကျောက်စီ ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။