သံလိုက်ဆွဲအားနည်းပညာသုံး အလွန်မြန်မီးရထားရှေ့ပြေးပုံစံကို တရုတ်ထုတ်ဖော်ပြသ

 

သံလိုက်ဆွဲအားနည်းပညာသုံး အလွန်မြန်မီးရထားတစ်စင်း၏   ရှေ့ပြေးပုံစံကို တရုတ်တက္ကသိုလ် တစ်ခုက ဇန်နဝါရီ ၁၃ ရက်တွင်   နိုင်ငံအနောက်မြောက်ပိုင်း ချန်ဒူးမြို့၌ ထုတ်ဖော်ပြသကြောင်း  သိရ သည်။

အဆိုပါမီးရထားကို   တစ်နာရီလျှင်ကီလိုမီတာ ၆၂၀ နှုန်းဖြင့်သွားနိုင်စေရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ် ကြောင်း မီးရထား ဒီဇိုင်းရေးဆွဲရေးအဖွဲ့တွင်  ပါဝင်သည့် ကျားထောင်းတက္ကသိုလ်က ထုတ်ပြန်ထား သည်။

ယခုဖန်တီးထားသည့် မီးရထားသည် HTS   သံလိုက်ဆွဲအား  နည်းပညာကိုအသုံးပြုထားခြင်းဖြစ်ပြီး ယခင်က အဆိုပါ နည်းပညာကို စမ်းသပ်ခန်းတွင်သာတွေ့မြင်ခဲ့ရကြောင်းနှင့်  လက်တွေ့စမ်းသပ်ဖူးခြင်း မရှိသေးကြောင်း ကျားထောင်းတက္ကသိုလ်သုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒန်းဇီဂန်းကပြော သည်။

အခြားသော သံလိုက်ဆွဲအား နည်းပညာသုံးမီးရထားများနှင့် နှိုင်းယှဉ်ပါက HTS သံလိုက်ဆွဲအား နည်းပညာကိုအသုံးပြုခြင်းက အနာဂတ်သယ်ယူပို့ဆောင်ရေးစနစ်နှင့် ပိုမိုလိုက်လျောညီထွေမှုရှိမည် ဖြစ်ကြောင်းနှင့်   ထိုနည်းပညာကြောင့် မီးရထားများက တစ်နာရီလျှင်ကီလိုမီတာ ၁၀၀၀ ကျော်နှုန်း အထိဖြင့် ခရီးသွားနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများကပြောသည်။

ငွေကြေးအားဖြင့် ယွမ် သန်း ၆၀ ရင်းနှီးမြှုပ်နှံထားသည့် အဆိုပါမီးရထားစီမံကိန်းကို ကျားထောင်း တက္ကသိုလ်၊   တရုတ်မီးရထားအုပ်စုကုမ္ပဏီနှင့် CRRC ကော်ပိုရေးရှင်းတို့က ပူးပေါင်းပါဝင်ထားကြောင်း သိရသည်။