သြဂုတ် ၂၇ ရက်တွင်ကျင်းပမည့် ONE  BATTLEGROUND III ပြိုင်ပွဲ၌ ချင်းတိုင်းရင်းသား တီရယ်ထန်နှင့် တောင်ကိုရီးယားနိုင်ငံသား ဆွန်မင်ေ၈ျာင်းတို့ယှဉ်ပြိုင်မည်

သြဂုတ် ၂၇ ရက်တွင်ကျင်းပမည့် ONE  BATTLEGROUND III ပြိုင်ပွဲ၌ ချင်းတိုင်းရင်းသား တီရယ်ထန်နှင့် တောင်ကိုရီးယားနိုင်ငံသား ဆွန်မင်ေ၈ျာင်းတို့ယှဉ်ပြိုင်မည်

ONE  Championship မှ ကြီးမှူးပြီး  သြဂုတ် ၂၇ ရက်တွင်  စင်ကာပူနိုင်ငံ၌   ကျင်းပမည့် ONE BATTLEGROUND III အမည်ရှိ MMA   ပြိုင်ပွဲအတွက် တွဲဆိုင်းများကို    အတည်ပြုထုတ်ပြန်ရာ ချင်းတိုင်းရင်းသား  တီရယ်ထန်က  တောင်ကိုရီးယားနိုင်ငံသား    ဆွန်မင်ဂျောင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ONE Championship သည် နောက်ပိုင်းကာလများတွင် ONE BATTLEGROUND အမည်ဖြင့် ပြိုင်ပွဲများကျင်းပလျက်ရှိရာ ONE BATTLEGROUND I ပြိုင်ပွဲ၌လည်း    မြန်မာနိုင်ငံ ကိုယ်စားပြု အောင်လအန်ဆန်က ဘရာဇီးနိုင်ငံသား လီအန်ဒရိုအတိုင်ဒီကို အနိုင်ရရှိခဲ့သည်။

တီရယ်ထန်သည် ONE Championship နှင့်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ဘန်တန် ဝိတ်တန်းပွဲစဉ်များ၌ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ပြီးခဲ့သည့်နှစ်များက ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ပြိုင်ပွဲများရွှေ့ဆိုင်းခဲ့ရသည့်အတွက် ယခုနှစ်အတွင်း   ပထမဆုံး ပွဲစဉ်အဖြစ်    ယှဉ်ပြိုင်မည်ဖြစ်သည်။

တီရယ်ထန်သည် ONE Championship မှ ကြီးမှူးကျင်းပနေသည့် MMA ပြိုင်ပွဲများ၌     မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ်ကာ အမေရိကန်နိုင်ငံ၌ အောင်လ အန်ဆန်နှင့်အတူ တွဲဖက်လေ့ကျင့်နေသူဖြစ်သည်။ ၎င်းအနေဖြင့်  ဘန်တန်ဝိတ်တန်း၌ ချန်ပီယံခါးပတ်ရရှိရန် ကြိုးစားနေသူဖြစ်ပြီး အနီးကပ်ဆုံးယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင်လည်း   အနိုင်ရရှိထားသူဖြစ်သည်။ 

ONE BATTLEGROUND III ပြိုင်ပွဲ၌  တီရယ်ထန်နှင့် ဆွန်မင်ဂျောင်းတို့၏  တွဲဆိုင်း အပါအဝင်  စုစုပေါင်းတွဲဆိုင်း ခြောက်ဆိုင်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

STA