သြစတြေးလျနိုင်ငံအတွက်အကြီးဆုံးဒိုင်နိုဆောကို မျိုးစိတ်အသစ်အဖြစ်သတ်မှတ်

ဘရစ္စဘိန်း၊ ကျောက်ဖြစ်ရုပ်ကြွင်း

သြစတြေးလျ၌တွေ့ရှိပြီး ယင်းနိုင်ငံအတွက် အကြီးဆုံးဒိုင်နိုဆောကို မျိုးစိတ်အသစ်အဖြစ်သတ်မှတ်ကြောင်း ကျောက်ဖြစ် ရုပ်ကြွင်း ပညာရှင်များက ထုတ်ပြန်ထားသည်။ အဆိုပါဒိုင်နိုဆော၏ အရိုးကျောက်ဖြစ်ရုပ်ကြွင်းကို လွန်ခဲ့သည့် ၁၅ နှစ်ခန့်တွင် ပထမဆုံး တွေ့ရှိခြင်းဖြစ်ပြီး ယခုအခါ ထိုဒိုင်နိုဆောမျိုးစိတ်ကို  သြစတြေးလို တိုင်တန်ဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ထိုဒိုင်နိုဆော မျိုးစိတ်သည် လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၀၀ ခန့်က ကမ္ဘာမြေပေါ်တွင် ကျင်လည်ကျက်စားခဲ့သော တိုင်တန်နိုဆော အနွယ်ဝင် ဖြစ်သည်ဟု ပညာရှင်များက သတ်မှတ်ထားသည်။ ထို့ပြင် အဆိုပါမျိုးစိတ်ဝင်ဒိုင်နိုဆော၏အရွယ်အစားမှာ အမြင့် ၁၆ ပေမှ ၂၁ ပေ အထိနှင့် အလျား ၈၂ ပေမှ ၉၈  ပေ အထိရှိနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည့်အတွက်  ယင်းမျိုးစိတ်သည် သြစတြေးလျ နိုင်ငံအတွက် အကြီးဆုံး ဒိုင်နိုဆောအဖြစ် သတ်မှတ်ခံထားရသည်။

ပညာရှင်များသည်  အဆိုပါကျောက်ဖြစ် ရုပ်ကြွင်းအရိုးကို  ၂၀၀၆  ခုနှစ်တွင် တူးဖော်တွေ့ရှိသော်လည်း  လျှို့ဝှက်ပြီး လေ့လာမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ်ကျမှသာ လူထုသို့ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post