အကြမ်းဖက်သမားများက ကလေးမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာရှိ လူနေအိမ် များအား မီးရှို့ဖျက်ဆီးခြင်းများနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်

အကြမ်းဖက်သမားများက ကလေးမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာရှိ လူနေအိမ် များအား မီးရှို့ဖျက်ဆီးခြင်းများနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်

နေပြည်တော်၊ စက်တင်ဘာ - ၁၄

အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG ၊ CRPH ၊ PDF အဖွဲ့များသည် တရားဉပဒေ စိုးမိုးရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အုပ်စုဖွဲ့အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိရာ စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာ သို့ အကြမ်းဖက်သူ အင်အား ၅၀ ဦးခန့်က တူမီးသေနတ်နှင့် လက်လုပ်သေနတ်များ ဖြင့် ဝင်ရောက်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများသည် ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီးနောက် ကျေးရွာရှိ ရတနာရောင်ခြည်ဘုန်းတော်ကြီးကျောင်းအား သေနတ်များဖြင့် ပစ်ခတ် ခဲ့ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၅ လုံးခန့် မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် ကျေးရွာနေ ဖိုးလွင် ၂၆ နှစ်(ဘ)ဦးကျော်လွင်၊ မောင်မိုး ၃၀ နှစ်(ဘ)ဦးမောင်အေး တို့အား ဖမ်းဆီးခေါ်ဆောင်၍ ကျောက်စီကျေးရွာအနီး၌ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးနှင့် ဉပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစုံစမ်းဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။