အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ် 

နေပြည်တော်၊ ဇူလိုင် - ၂၆
    
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ တုံးကြီး ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက လည်းကောင်း ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများနေရာချထားပေးခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများတူးဖော်ပေးခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ် ခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ အသီးသီး ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။