အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်
နေပြည်တော်၊ ဩဂုတ် - ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နှင့် မုန်းမြို့တို့ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ကျောင်းဝင်းများ အတွင်း/အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ကျောင်းဆောင်များနှင့် စာသင်ခုံများပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။