အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မေ - ၂၀
    
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အခြေခံပညာ‌ ကျောင်းများ၌ တိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံတပ်မတော်သားများနှင့် မိသားစု များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းနှင့် မိုးမိတ်မြို့ရှိ အခြေခံပညာအထက် တန်းကျောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၄)အခြေခံပညာအထက် တန်းကျောင်းနှင့် အမှတ်(၂၁)အခြေခံပညာ မူလတန်းလွန်ကျောင်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်ချောင်းကျေးရွာအုပ်စု၊ အောင်သိဒ္ဓိအခြေခံပညာမူလတန်း လွန်ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်ရှိ အမှတ်(၂၂) အခြေခံပညာမူလတန်းကျောင်းနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဦးထွန်းအိုရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကျွဲကူးဆိပ်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ အခြေခံပညာအထက်တန်း ကျောင်း(အင်းမ)တို့၌ ကျောင်းဝန်းများအတွင်း၊ အပြင်ရှိချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများဖောက်လုပ်ပေးခြင်း၊ စာသင် ဆောင်အတွင်း၊ အပြင်သန့်ရှင်းရေး ပြုလုပ်ပေးခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ပြန်လည်ပြုပြင် ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လေးဝတီပညာရေးရိပ်သာတွင် နေထိုင်၍ စစ်တွေတက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အခြေခံ ပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြား ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအတွက် အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေ များပေးအပ်ကာ ရိပ်သာအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။