အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မေ - ၂၁
    
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အခြေခံပညာ‌ ကျောင်းများ၌ တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံတပ်မတော်သားများနှင့် မိသား စုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးလျက်ရှိ သည်။
    
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ပြည်စံအောင်အခြေခံပညာအထက်တန်းကျောင်း၊ ပျဉ်းမနားမြို့နယ်ရှိ ဈေးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ လယ်ဝေးမြို့နယ်ရှိ အမှတ်(၁၇)အခြေခံပညာ အထက်တန်းကျောင်း၊ တပ်ကုန်းမြို့နယ်ရှိ ကန်ကြီးကျေးရွာအခြေခံပညာမူလတန်း လွန်ကျောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)၊ အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ရှိ အခြေခံပညာကျောင်း(၂၃၅)ချောင်း၊ ပျော်ဘွယ်မြို့နယ်ရှိ အခြေခံပညာကျောင်း(၂၄၁) ကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိအမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် ရွာဘဲရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းတို့၌ ကျောင်းဝန်းများအတွင်း၊ အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ် မြောင်းများဖောက်လုပ်ပေးခြင်း၊ စာသင်ဆောင်အတွင်း၊ အပြင်သန့်ရှင်းရေး ပြုလုပ် ပေးခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။