အခြေခံအင်္ဂလိပ်သဒ္ဓါနှင့် စကားပြောသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်း၊ မြန်မာ့သိုင်း အခြေခံသင်တန်းနှင့် တိုက်ကွမ်ဒိုအခြေခံသင်တန်းများ ဆင်းပွဲ ပြုလုပ်

အခြေခံအင်္ဂလိပ်သဒ္ဓါနှင့် စကားပြောသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်း၊ မြန်မာ့သိုင်း အခြေခံသင်တန်းနှင့် တိုက်ကွမ်ဒိုအခြေခံသင်တန်းများ ဆင်းပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၂၀

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ဖွင့်လှစ်ခဲ့သည့် အခြေခံအင်္ဂလိပ်သဒ္ဓါနှင့် စကား ပြောသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်း၊ မြန်မာ့သိုင်းအခြေခံသင်တန်းနှင့် တိုက်ကွမ်ဒိုအခြေခံသင်တန်းများ ဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းများအလိုက် ဆုရရှိကြသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြန်မာ့သိုင်းသင်တန်း နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တိုက်ကွမ်ဒိုသင်တန်းသား၊ သင်တန်း သူများက မြန်မာ့သိုင်းစွမ်းရည်နှင့် တိုက်ကွမ်ဒို စွမ်းရည်များ သရုပ်ပြသကြရာ တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။