အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆပ်တော် ရရှိတော်မူသော ပြည်တွင်း/ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ အား ထပ်ဆင့်ပူဇော်သည့် ဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာ ကျင်းပပြုလုပ်

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆပ်တော် ရရှိတော်မူသော ပြည်တွင်း/ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ အား ထပ်ဆင့်ပူဇော်သည့် ဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာ ကျင်းပပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်(၁/၂၀၂၂)ဖြင့် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ အောင်ဆန်းတပ်ဦးတောရကျောင်း မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ(၇၇) ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ပြည်တွင်း/ ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မ ကိတ္တိသာရအား တပည့် ဒါယကာ၊ ဒါယိကာမများက ထပ်ဆင့်ပူဇော်သည့် ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ ပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဉက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် အဖွဲ့ဝင်များ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အင်းစိန်မြို့နယ်၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု ရွာမပရိယတ္တိစာသင် တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ ထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး သီတဂူဆရာတော်ဘုရားကြီး ထံမှ ဩဝါဒကထာများ နာယူကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြုအောင်ဆန်းဆရာတော် ထံ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA) က ဆက်ကပ်လှူဒါန်း သည့် အဂ္ဂမဟာမင်္ဂလဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး တာဝန်ရှိသူ တစ်ဦးက ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်း နှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများ က ဒဂုံမြို့သစ်(တောင်ပိုင်း)၊မြို့နယ်၊ ပိဋကသုံးပုံနိကာယ်စာသင်တိုက်ကြီး၏ ပဓာန နာယက ဆရာတော် တိပိဋကဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ ထံမှ အနုမော ဒနာတရား နာယူခဲ့ကြကြောင်း သတင်းရရှိသည်။