အင်ဒိုနီးရှားက ရေငုပ်သင်္ဘောဆယ်ယူမှုကိုလက်လျှော့လိုက်ပြီဖြစ်

ဂျကာတာ၊ ပြည်တွင်းရေး

အင်ဒိုနီးရှားအစိုးရသည် စစ်သည် ၅၃ ဦးစလုံးသေဆုံးရသော နစ်မြုပ်သွားသည့်ရေငုပ်သင်္ဘောကိုဆယ်ယူရန် ကြိုးပမ်းချက်ကို ဇွန် ၂ ရက်တွင် လက်လျှော့လိုက်ပြီဖြစ်ကြောင်းသိရသည်။ သက်တမ်း ၄၄ နှစ်ရှိပြီဖြစ်သည့် အဆိုပါ ရေငုပ်သင်္ဘောသည် ဧပြီ ၂၁ ရက်တွင် ဘာလီပင်လယ်၌ တော်ပီဒိုပစ်ခတ်ရေး လေ့ကျင့်မှုပြုလုပ်စဉ် အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်သည်။ အင်ဒိုနီးရှား အစိုးရ သည် အမှုထမ်း ၅၃ ဦးလိုက်ပါသွားသည့် အဆိုပါရေငုပ်သင်္ဘောကို အောက်ဆီဂျင်မပြတ်လပ်မီ ပြန်လည်ရှာတွေ့ရန်    နိုင်ငံတကာ အကူအညီများဖြင့် ကြိုးပမ်းသော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။ အဆက်အသွယ်ပြတ်ပြီးနောက် သုံးရက်ကျော်အကြာတွင်  တာဝန်ရှိသူများသည် ပင်လယ်ရေပြင်အောက် မီတာ ၈၄၀ ၌သုံးပိုင်းကွဲနေသည့် ရေငုပ်သင်္ဘောကိုတွေ့ရှိကာ ထိုသင်္ဘောကို ဆယ်ယူရန်ကြိုးပမ်းသည်။

သို့သော် ၎င်းတို့အနေဖြင့် ရေငုပ်သင်္ဘောဆယ်ယူမှုသည် များစွာသော အခက်အခဲများရှိသည်ကိုသိရှိလာရသည့် အတွက် ထိုသို့ ဆယ်ယူမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ရေတပ်မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါရေငုပ် သင်္ဘောနစ်မြုပ်မှုသည် သက်တမ်းရင့်ရေငုပ်သင်္ဘော အများအပြား ပိုင်ဆိုင်ထားသည့် အင်ဒိုနီးရှားတပ်မတော်၏ အကြီးစား စစ်လက်နက် ပစ္စည်းများအခြေအနေကို မီးမောင်းထိုးပြနေကြောင်း သိရသည်။

Ref: CNA