အင်ဒိုနီးရှား၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၂၁၃၄၂ ဦးဖြင့် စံချိန်တင်

အင်ဒိုနီးရှားနိုင်ငံ၌   ဇွန် ၂၇ ရက်တွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၂၁၃၄၂ ဦးဖြင့် စံချိန်တင်ကြောင်း သိရသည်။

ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စုစုပေါင်းအရေအတွက်သည် ၂၁၁၅၃ဝ၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း   အင်ဒိုနီးရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး အဖွဲ့က ထုတ်ပြန်သော အချက်အလက်များတွင် တွေ့ရသည်။

ထို့ပြင် ဇွန် ၂၇ ရက်အထိ တစ်ရက်အတွင်း သေဆုံးသူဦးရေသည်  ၄ဝ၉ ဦးရှိသည့်အတွက် သေဆုံးသူစုစုပေါင်း ၅၇၁၃၈ ဦး ရှိလာပြီဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူနှင့် သေဆုံးသူ အရေအတွက် အမြင့်ဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။