အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင် များနှင့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများအား နဝကမ္မအလှူငွေ၊ လှူဖွယ်ပစ္စည်း များနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့တို့၌ သာသနာရေးဦးစီးဌာနမှ ကျင်းပလျက်ရှိသော အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများအား ဇွန် ၄ ရက်နှင့် ယနေ့ တို့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြည်ညိုကြကာ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။