အစ္စရေးက လက်ဘနွန်ကို ခုနစ်နှစ်အတွင်း ပထမဆုံးအဖြစ် လေကြောင်းမှတိုက်ခိုက် တဲအဗစ်၊ စစ်ရေး အစ္စရေးလေတပ်က ခုနစ်နှစ်အတွင်း ပထမဆုံးအဖြစ် သြဂုတ် ၅ ရက်တွင် လက်ဘနွန်နိုင်ငံအပေါ် လေကြောင်းမှ တိုက်ခိုက်မှုလုပ်ဆောင်ကြောင်း သိရသည်။ လက်ဘနွန်နိုင်ငံအတွင်းမှ ပစ်ခတ်လိုက

အစ္စရေးက လက်ဘနွန်ကို ခုနစ်နှစ်အတွင်း ပထမဆုံးအဖြစ် လေကြောင်းမှတိုက်ခိုက်

တဲအဗစ်၊ စစ်ရေး

အစ္စရေးလေတပ်က ခုနစ်နှစ်အတွင်း ပထမဆုံးအဖြစ် သြဂုတ် ၅ ရက်တွင် လက်ဘနွန်နိုင်ငံအပေါ် လေကြောင်းမှ တိုက်ခိုက်မှုလုပ်ဆောင်ကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံအတွင်းမှ ပစ်ခတ်လိုက်သည့် ဒုံးကျည်များသည် အစ္စရေးပိုင်နက်အတွင်း ကျရောက်ပေါက်ကွဲမှုများ ရှိသည့်အတွက်   လက်တုံ့ပြန်သည့်အနေဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း လေတပ်က ထုတ်ပြန်ထားသည်။

ထိုသို့တိုက်ခိုက်ရာတွင် လက်ဘနွန်နိုင်ငံအတွင်းမှ ဒုံးကျည်ဖြင့် ပစ်ခတ်ရာနေရာများ၊ အကြမ်းဖက်မှုများလုပ်ဆောင်သည့် အခြေခံအဆောက်အဦများကို ပစ်ခတ်ချေမှုန်းခြင်း ဖြစ်ကြောင်း   လေတပ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အစ္စရေးလေတပ်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းနယ်မြေများနှင့် ဆီးရီးယားရှိ ဟစ်ဇဘိုလာ သို့မဟုတ် အီရန်တို့၏ပစ်မှတ်များကို မကြာခဏ ပစ်ခတ် တိုက်ခိုက်လေ့ရှိသော်လည်း လက်ဘနွန်နိုင်ငံအတွင်း ယခုတိုက်ခိုက်မှုလုပ်ဆောင်ခြင်းမှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည်။

လက်ဘနွန်နိုင်ငံအတွင်းမှ အစ္စရေးနိုင်ငံထဲသို့ ဒုံးကျည်များဖြင့် ပစ်ခတ်မှုလုပ်ဆောင် နေသည်မှာ သြဂုတ် ၅ ရက် အထိဆိုလျှင် နှစ်ရက်ဆက်တိုက်ရှိနေပြီဖြစ်သည်။

သြဂုတ် ၄ ရက်တွင် လက်ဘနွန်တို့က အစ္စရေးဘက်သို့   ဒုံးကျည်သုံးစင်းဖြင့် ပစ်ခတ်ရာ နှစ်စင်းမှာ နယ်စပ်သို့ကျရောက်ပေါက်ကွဲသည့်အတွက် အစ္စရေးဘက်က လက်ဘနွန်သို့ လက်တုံ့ပြန်သည့်အနေဖြင့် ဒုံးကျည်သုံးစင်း ပြန်လည်ပစ်ခတ်သည်ဟုဆိုသည်။

သို့သော် အစ္စရေးဘက်ကပစ်ခတ်လိုက်သည့် ဒုံးကျည်အစင်းပေါင်း ၉၂ စင်းရှိကြောင်း လက်ဘနွန်စစ်ဘက်က ထုတ်ပြန်ထားသည်။

TST