အစ္စရေးအစိုးရက ၂၀၂၂ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၁  ဘီလီယံနီးပါး သုံးစွဲရန်သဘောတူ

အစ္စရေးအစိုးရက ၂၀၂၂ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၁  ဘီလီယံနီးပါး သုံးစွဲရန်သဘောတူ

တဲအဗစ်၊ စစ်ရေး

အစ္စရေးအစိုးရအဖွဲ့မှ  ဝန်ကြီးချုပ် နက်ဖတာလီဘန်းနတ်၊ ဘဏ္ဍာရေးဝန်ကြီး အဗစ်ဒိုးလစ် ဘာမန်းနှင့် ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်တို့က  ၂၀၂၂  ခုနှစ်အတွက်  ကာကွယ်ရေး အသုံးစရိတ်ကို အမေရိကန် ဒေါ်လာ  ၁၈  ဘီလီယံနီးပါးသုံးစွဲရန် သဘောတူကြောင်း ဝန်ကြီးချုပ်ရုံးက ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါသဘောတူထားသည့် ကာကွယ်ရေးအသုံးစရိတ်တွင် အစ္စရေးတပ်မတော် ကို အင်အားခိုင်မာ တောင့်တင်းစေရန်နှင့် ခေတ်မီ စစ်လက်နက်ပစ္စည်းများပံ့ပိုးရန် အသုံးပြုမှုနှင့် ပြည်တွင်းရှိကာကွယ်ရေး ပစ္စည်းစက်ရုံများမှ  စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအတွက်   အသုံးပြုမှုတို့ပါဝင် သည်။

အလားတူ အစ္စရေးရှီကယ်သန်း ၇၅၀ ကို တပ်မတော်၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးနှင့်  တူညီဝတ်စုံများမှသည် လေ့လာမှုအစီအစဉ် များအထိ ပါဝင်သော ပြည်တွင်းလုပ်ငန်း များတွင် အသုံးပြုသွားမည်ဖြစ်သည်။

အစ္စရေးအစိုးရတစ်ဖွဲ့လုံးအနေဖြင့် ၂၀၂၂ ခုနှစ်အတွက် အသုံးစရိတ်ကို ယခုနှစ် နိုဝင်ဘာလတွင် သဘောတူခွင့်ပြုရမည်ဖြစ်သည်။ ထိုသို့သဘောတူခွင့်ပြုရန်လည်း သက်ဆိုင်ရာဝန်ကြီးများက တိုက်တွန်းထားသည်။

သို့မဟုတ်ပါက အစိုးရတစ်ဖွဲ့လုံးအနေဖြင့် အလိုအလျောက်ဖျက်သိမ်းခံရမည် ဖြစ်ကာ နိုင်ငံအနေဖြင့် ရွေးကောက်ပွဲများကို   နောက်တစ်ကြိမ်ကျင်းပရမည်ဖြစ်သည်။

ထိုသို့သာ ရွေးကောက်ပွဲများကျင်းပရပါက အဆိုပါရွေးကောက်ပွဲသည် ၂၀၁၉ ခုနှစ် ဧပြီလမှစ၍ ငါးကြိမ်မြောက်ကျင်းပရသည့် ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်နှစ်အတွင်း အစိုးရက ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်အတွက် နိုင်ငံတော် အသုံးစရိတ်ကို ခွဲဝေသတ်မှတ်နိုင်ခြင်းမရှိသောကြောင့် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် တပ်မတော်တို့အနေဖြင့် ၂၀၁၉ ခုနှစ် အသုံးစရိတ်ဖြစ်သော ရှီကယ် ၅၅ ဒသမ ၃ ဘီလီယံဖြင့်သာ ယခုအချိန်အထိ လုပ်ငန်းများ လည်ပတ်နေရကြောင်းသိရသည်။

Ref: Sputnik