အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လားရှိုး)(နဝမအကြိမ်) နေအိမ်တိုက်ခန်းသော့ နှင့် နေထိုင်ခွင့်ကတ်ပြား ပေးအပ်ပွဲပြုလုပ်

အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လားရှိုး)(နဝမအကြိမ်) နေအိမ်တိုက်ခန်းသော့ နှင့် နေထိုင်ခွင့်ကတ်ပြား ပေးအပ်ပွဲပြုလုပ်

 
နေပြည်တော်၊ ဩဂုတ်- ၃၀

 
အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လားရှိုး)တွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက် ပေးလှူခဲ့ရသည့် စစ်သည်များ၏ အမွေခံ မိသားစုဝင်များနှင့် သက်ပြည့် အရာရှိ/စစ်သည်များအား နေအိမ်တိုက် ခန်းသော့နှင့် နေထိုင်ခွင့်ကတ်ပြား ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမ၌ ပြုလုပ်သည်။

 
ဦးစွာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး က အဖွင့်အမှာစကားပြောကြားပြီး အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ယာ(လားရှိုး)တွင် နေထိုင်ခွင့်ရရှိသော နိုင်ငံတော် နှင့်တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် စစ်သည်များ၏ အမွေခံမိသားစု ဝင်များနှင့် သက်ပြည့်အရာရှိ/စစ်သည်များအား နေအိမ်တိုက်ခန်းသော့နှင့် နေထိုင်ခွင့်ကတ်ပြားများကို ပေးအပ်ရာ အမွေခံမိသားစုဝင်များနှင့် သက်ပြည့် အရာရှိ/စစ်သည်များက လက်ခံရယူကြသည်။ ထို့နောက် အိမ်ရာတွင် နေထိုင်မည့်သူများ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။