အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ မြန်မာ့သိုင်းသင်တန်း၊ အင်္ဂလိပ်စာအခြေခံသင်တန်း နှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ဆင်းပွဲပြုလုပ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ မြန်မာ့သိုင်းသင်တန်း၊ အင်္ဂလိပ်စာအခြေခံသင်တန်း နှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ဆင်းပွဲပြုလုပ်

နေပြည်တော်၊ မေ - ၂၀

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်အတွင်းရှိ တပ်မတော်သားမိသားစု ဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်ခဲ့သည့် မြန်မာ့သိုင်းသင်တန်း၊ အင်္ဂလိပ်စာအခြေခံသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ဆင်းပွဲကို ယနေ့နံနက် ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ခန်းမနှင့် အမ်းတောင်ခန်းမတို့၌ အသီးသီးပြုလုပ်ကြရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် အဖွဲ့များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူးက သင်တန်းဆင်းအမှာစကားများပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များက မြန်မာ့သိုင်းသင်တန်း သင်တန်းသား၊ သင်တန်းသူများ၏ မြန်မာ့သိုင်းစွမ်းရည် သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြပြီး သင်တန်းနည်းပြများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။